ကချင်ပြည်နယ်မိုးမောက်မြို့နယ်အောင်ဂျာရွာအနီးစစ်ကောင်စီအထိုင်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)က နောက်ဆုံးမှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။KIA ဌာနချုပ် လိုင်ဇာနှင့် ၁၂ မိုင်ခန့်ဝေးပီး နမ့်ဆန်ယာန်အနီးရှိ စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) လက်အောက်ခံ အောင်ဂျာအထိုင်စခန်းကို KIAကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာအတော်ကြာနေပါပြီ။အခု အောင်ဂျာ စကစစခန်းကိုKIAမှရှင်းလင်းပြီးထိန်းချုပ်ထားနိုင်ခဲ့ပြီ။စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များပြားပြီးရာဂဏန်းထိရှိနိုင်တယ်။အထိုင်စခန်းကြီးဖြစ်တဲ့အတွက်သိမ်းဆည်းရမိတဲ့ရန်သူ့လက်နက်ခဲယမ်းတွေလဲအလွန်များတယ်။
အောင်ဂျာဒေသတွင်စစ်ကောင်စီတပ်စခန်း၃ခုရှိရာစက်တင်ဘာလအတွင်းကစစ်ကောင်စီတပ်စခန်းတစ်ခုကို KIAက သိမ်းပိုက်ခဲ့ပြီး ယခု အောက်တိုဘာလအတွင်းမှာ ကျန်သည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်။ လက်ရှိတွင် အဆိုပါဒေသမှာစစ်ကောင်စီတပ်များ မရှိတော့ဘူး။