အဏုမြူစွမ်းအင် နဲ့ နျူကလီးယားနည်းပညာ ဘာသာရပ်တွေမှာ နည်းပညာရှင်တွေ မွေးထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ရုရှားအမျိုးသားနျူကလီးယားသုတေသနတက္ကသိုလ် MEPhI နဲ့ မြန်မာနည်းပညာ တက္ကသိုလ် သုံးခု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်တပ်ပိုင်သတင်းတွေမှာ ကြေညာတယ်။ စစ်တပ်ဟာ မယောင်ရာဆီလူးတဲ့ကိစ္စတွေကိုချည်းလုပ်နေသလို တစ်ဖက်မှာလည်းပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတယ်။ စစ်ကိုင်းတိုင်း ၊ ပုလဲ – ဂန့်ဂေါ လမ်းကြောင်းကို စစ်ကြောင်းထိုးနေလို့ အဲဒီတဝိုက်ရွာတွေက ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ သတင်းတွေမှာဖတ်လိုက်ရတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...