အဏုမြူစွမ်းအင် နဲ့ နျူကလီးယားနည်းပညာ ဘာသာရပ်တွေမှာ နည်းပညာရှင်တွေ မွေးထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ရုရှားအမျိုးသားနျူကလီးယားသုတေသနတက္ကသိုလ် MEPhI နဲ့ မြန်မာနည်းပညာ တက္ကသိုလ် သုံးခု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်တပ်ပိုင်သတင်းတွေမှာ ကြေညာတယ်။ စစ်တပ်ဟာ မယောင်ရာဆီလူးတဲ့ကိစ္စတွေကိုချည်းလုပ်နေသလို တစ်ဖက်မှာလည်းပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတယ်။ စစ်ကိုင်းတိုင်း ၊ ပုလဲ – ဂန့်ဂေါ လမ်းကြောင်းကို စစ်ကြောင်းထိုးနေလို့ အဲဒီတဝိုက်ရွာတွေက ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ သတင်းတွေမှာဖတ်လိုက်ရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


