အင်ဒိုနီးရှားနိုင်ငံပိုင် ကုမ္ပဏီ ၃ ခုဟာ မြန်မာစစ်တပ်ကို လက်နက်တွေရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဒီဖြစ်ရပ်ကို စုံစမ်းဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက အင်ဒိုနီးရှားလူ့အခွင့် အရေးကော်မရှင်ကို တိုင်တန်းလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ ၃ ခုဖြစ်တဲ့ PT Pindad၊ PT PAL၊ PT Dirgrantara Indonesia ကုမ္ပဏီတွေဟာ အင်ဒိုနီးရှား ဥပဒေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး မြန်မာစစ်တပ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေ ရောင်းချခဲ့တယ်လို့ဆိုပြီး အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရူစမန်၊ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)၊ မြန်မာနိုင်ငံတာ ဝန်ခံမှုစီမံချက်(Myanmar Accountability Project) တို့က တိုင်ကြားလိုက်တာဖြစ်ပါတယ်။ အဲဒီသတင်း ကို ဘီဘီစီသတင်းဌာနမှာတင်ထားတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကိုလက်နက်တွေရောင်းပြီး ကိုယ်ကျိုး စီးပွားရှာ၊ ပြည်သူတွေကိုမစာမနာ တစ်ကိုယ်ကောင်းဖို့လုပ်နေတဲ့သူတွေ အများကြီးမှ တကယ့်ကိုအများ ကြီး။ ပြည်သူတွေက ဒုက္ခကိုရင်စည်းခံစားခဲ့ကြရတာသုံးနှစ်ဝန်းကျင်ရှိပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


