ဒီရက်ပိုင်းမြန်မာတနိုင်ငံလုံးမှာမိုးကြီးနေပြီးရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေတယ်။မိုးရာသီကုန်တော့မှာဆိုတော့မိုးကအငြိုးနဲ့ရွာနေတာပေါ့။ဒါ့ကြောင့်ပီးခဲ့တဲ့ရက်ကပဲခူးတမြို့လုံးရေကြီးခဲ့ပြီးအခုလဲကရင်နီပြည်နယ်ဘက်မှာရေကြီးလျက်ရှိတာကြောင့်ကရင်နီပြည်နယ်၊မိုးဗြဲနှင့် လွိုင်ကော်မြို့နယ်ရှိ စစ်ဘေးရှောင်တဲ ၁၀၀ကျော်ရေနစ်မြုပ်ကာမိုးဗြဲမြို့တွင်းရပ်ကွက်အချို့၌ပါရေများဝင်ရောက်လာတယ်။နေ့စဥ်ရက်ဆက်မိုးရွာသွန်းမှုနှင့်အတူ ဘီးလူးချောင်းရေ မြင့်တက်လာပြီးနောက် မိုးဗြဲရေကာတာမှ သတ်မှတ်ပမာဏထက်ပို၍ ရေလွှတ်ချနေတယ်။
စစ်ဘေးဒဏ်ခံနေရတဲ့စစ်ကိုင်းတိုင်းအတွင်းမှာလဲ ရေဦး၊ ကနီနှင့် တန့်ဆည်မြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးဆည်တွေရေဖောက်ချနေတာကြောင့် နေအိမ်နှင့် လမ်းတံတားအချို့ ပျက်စီးမှုများရှိနေတယ်။စစ်ဘေးသင့်ဒေသတွေမှာရေလွမ်းမိုးမှုတွေကြောင့်စစ်ဘေးရှောင်အတွက်အတော်အခက်အခဲဖြစ်နေတယ်။