ကယားပြည်နယ်မှာလွိုင်ကော်မှ ဘော်လခဲထွက်လာသောစစ်တပ်ယာဉ်တန်းဟာနှစ်လခွဲကြာသည့်တိုင်မရောက်သေးဖရူဆိုတွင်ပိတ်မိနေဆဲဖြစ်ပြီးဘောလခဲကိုတောင်မရောက်သေးပါဘူး။သြဂုတ်လ ၂ ရက်ကစ၍ အစီးရေ ၁၀၀ ခန့်ပါ စစ်ကောင်စီယာဉ်တန်းဟာလွိုင်ကော်မှစတင်ထွက်ခွာလာပြီးလွိုင်ကော်မှဒီးမော့ဆိုထိမှတဆင့်ဖရူဆိုသို့ပြည်ထောင်စုလမ်းအတိုင်းယာဉ်တန်းဖြင့်စစ်ကြောင်းထိုးလာခြင်းဖြစ်တယ်။ ဖရုဆို မှတစ်ဆင့် ဘောလခဲသို့သွားမည်ဖြစ်သော်လည်း စစ်တပ်ယာဉ်တန်းမှာ ရက်ပေါင်းများစွာ ဖရူဆို၌ပင် သောင်တင်နေခြင်းပါ။လွိုင်ကော်နှင့် ဘော်လခဲမှာ ကားလမ်းအတိုင်းသွားပါက မိုင် ၅၀ ကျော်သာကွာဝေးပြီး ပုံမှန်အတိုင်းဆိုပါက ကားဖြင့်သွားလျှင်တစ်နာရီ ခွဲဝန်းကျင်ဆိုလျှင်ရောက်နိုင်သောခရီးတစ်ခုပဲ။ယခုအခါစစ်ကောင်စီတပ်ဟာ ဖရူဆို-ဘောလခဲလမ်းပိုင်းရှိ ကျေးရွာများ၌ အနည်းဆုံးစစ်ကြောင်း(၆)ခုအထိအသုံးပြု၍ထိန်းချုပ်နိုင်ရန်ကြိုးစားနေကြောင်းတယ်။ထိုကမှနောက်တဆင့်အဖြစ်မယ်စဲမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ကြံစည်နေတာပါ။တော်လှန်ရေးတပ်ဖွဲ့တွေကတော့ထိုယာဉ်တန်းတွေမဖြတ်နိုင်အောင်အကောင်းဆုံးကြိုးစားပြင်ဆင်နေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


