ဘဏ္ဏာရေးအကြပ်အတည်းကြုံတွေလာနေတဲ့စစ်ကောင်စီဟာပြည်သူတွေဆီကငွေကိုအခွန်ပေါင်းစုံကောက်ပြီးညှစ်ယူဖို့လုပ်ဆောင်လာနေတယ်။အခုလဲစစ်ကောင်စီလက်အောက်ခံကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကမော်တော်ယာဉ်မှတ်ပုံတင်ကြေးတွေကိုသုံးဆခန့်မြှင့်တင်ကောက်ခံသွားမယ်လို့ထုတ်ပြန်လိုက်တယ်။မော်တော်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးကျပ်ငါးသောင်းမှတသိန်းခွဲ၊ကျပ်တစ်သိန်းမှသုံးသိန်းအထိတိုးမြှင်းကောက်ခံမှာဖြစ်တယ်။ကားတွေကနှစ်တိုင်းလိုင်စင်ဝင်ရတာဆိုတော့အခြားအရာတွေထက်စာရင်ကောက်ရလွယ်တယ်လေ။ကားကမသုံးပဲနေလို့မရတော့ပေးရမှာပဲ။သူတို့စိတ်ကြိုက်ကိုကောက်နေကြတာပါ။
မော်တော်ယာဉ်အခွန်တွေတိုးလာပေမယ့်လမ်းတွေကတော့ကောင်းမလာပါဘူး။စက်သုံးဆီဈေးနှုန်းတွေဆိုပိုတောင်တက်လာသေးတယ်။အခုဆိုရင်စက်သုံးဆီတစ်လီတာကို၂၅၀၀ကျော်လာပါပြီ။ဒေါ်လာဈေးတွေတက်နေတဲ့အတွက်စက်သုံးဆီဈေးကတော့ကျလာမယ်မထင်ဘူး။စစ်ကောင်စီလက်ထက်မှာအရာအားလုံးအတက်ကြီးပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


