မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အရှေ့တီမော အစိုးရက အတိအလင်း စစ်ကောင်သီကိုဆန့်ကျင် ရပ်တည်ပြခဲ့တဲ့နောက် မြန်မာ စစ်ခေါင်းဆောင်တွေက တီမော သံအမတ်နဲ့ သံအရာရှိတွေကိုနိုင်ငံကနေနှင်ထုတ်လိုက်ပါတယ်။အရှေ့တီမောဟာစစ်ကောင်စီကမြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွင်းနေတဲ့ လုပ်ရပ်တွေအပေါ် အတိအလင်း ဝေဖန် ကန့်ကွက်ခဲ့သလို မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံက ထိထိရောက်ရောက် ကူညီဖြေရှင်းနိုင်စွမ်း မရှိရင် အာဆီယံ အဖွဲ့ထဲကိုဝင်ရောက်ဦးမှာမဟုတ်ဘူးလို့ပါနိုင်ငံရဲ့ဝန်ကြီးချုပ်ကိုယ်တိုင်ပြောထားဖူးပါတယ်။ဒါ့အပြင်သမ္မတခန့်အပ်ပွဲမှာလဲNUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကိုတရားဝင်ဖိတ်ကြားခဲ့သေးတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက အရှေ့တီမော သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ဖူးကြောင်း သိရပါတယ်။တီမော သမ္မတကတော့သံအမတ် နှင်ထုတ်ခံရတာဟာ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်မှုရဲ့ သင်္ကေတတစ်ခု ဖြစ်နေတဲ့အတွက် ဂုဏ်တောင် ယူသင့်ကြောင်း ပြောကြားခဲ့တယ်။
တစ်ဖက်မှာတော့ အရှေ့တီမောဟာ အာဆီယံရဲ့ ၁၁ ခုမြောက် အဖွဲ့ဝင် နိုင်ငံအဖြစ် လျှောက်ထားပြီး လောလောဆယ်မှာ အာဆီယံ ဆွေးနွေးပွဲတွေကို လေ့လာသူအဖြစ် ကိုယ်စားလှယ် စေလွှတ်ခွင့် ရရှိထားပြီ ဖြစ်ပါတယ်။ဒါပေမယ် အရှေ့တီမောခေါင်းဆောင်က အာဆီယံက မြန်မာအရေး သေချာထိရောက်စွာ မဖြေရှင်းပေးရင်အာဆီယံထဲမဝင်ဘူးလို့လည်းပြောကြားထားပါတယ်။တကယ်တော့အရှေ့တီမောနိုင်ငံဟာNUGကိုပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့တဲ့ကမ္ဘာပေါ်ကတစ်ခုတည်းသောနိုင်ငံပါ။