စစ်ကောင်စီလေတပ်အတွက်လေယာဉ်ဆီတွေကိုပိတ်ဆို့လိုက်ချိန်မှာပဲNUGMODကတိုင်းနှင့်ပြည်နယ်အသီးသီးကို ဒရုန်းအစင်းရေ ၄၀၀ကျော် ဖြန့်ကျက် ပို့ဆောင်ထားကြောင်းထုတ်ပြန်လိုက်တယ်။ ပြည်သူလူထုကြီး၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာထောက်ပံပေးထားတာဖြစ်ပြီးထိုဒရုန်းများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ကြောင်း အသိပေးထားတယ်။ဒါ့အပြင်တော်လှန်ရေးအဖွဲ့အစည်းများက သီးခြားအစီအစဉ်ဖြင့် အကောင်အထည်ဖော်နေတဲ့ဒရုန်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး စစ်ကောင်စီတပ်များ အထိနာနေတယ်။
ဒရုန်းတိုက်ခိုက်မှုတွေကအစကနဦးကာလမှာကရင်ပြည်နယ်(KNU)နယ်မြေမှာစတင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကယားပြည်နယ်ဘက်တွေသာမကအခုဆိုရင်စစ်ကိုင်းတိုင်းထဲထိဒရုန်းတပ်ဖွဲ့တွေဖြန့်ကျက်တိုက်ခိုက်နိုင်နေပါပြီ။စစ်ကောင်စီကသူတို့ရဲ့လေတပ်ကိုအားကိုးသလိုမျိုးတော်လှန်ရေးအဖွဲ့တွေအနေနဲ့ဒရုန်းတပ်ဖွဲ့တွေကိုလေတပ်အဖြစ်အသုံးပြုကာစစ်ဆင်ရေးတွေမှာဖြန့်ကျက်တိုက်ခိုက်နိုင်နေပါပြီ။အခုဆိုရင်ဒရုန်းတိုက်ခိုက်မှုတွေဟာ ရှေ့တန်းစစ်မျက်နှာပြင်အတွက်တင်မဟုတ်ဘဲ နောက်တန်းတပ်ရင်းတွေအထိ ခြိမ်းခြောက်နိုင်နေပါပြီ။ တိုက်ခိုက်မှုပြုလုပ်ခဲ့တာတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ ထိရောက်တာကြောင့်လဲဒရုန်းတိုက်ခိုက်မှုတွေအားကောင်းတဲ့ဒေသတွေဆီကစစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေဟာ ဒရုန်းရန်ကနေကာကွယ်ဖို့အသေအချာပြင်ဆင်လာကြတာတွေ့ရပါတယ်။ဒရုန်းဂျန်ပါတွေကစလို့ ကတုတ်ကျင်းနက်နက်တွေအထိပြင်ဆင်လာကြပါတယ်။စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်တောင်မှဒရုန်းနဲ့ပါတ်သက်လို့ထုတ်ဖော်ပြောဆိုရတဲ့အထိဖြစ်လာတယ်။နောက်ပိုင်းမှာဒရုန်းတပ်ဖွဲ့တွေကိုနည်းပညာပိုင်းအဆင့်မြင့်သထက်မြင့်လာအောင်ကြိုးစားနေကြတာမို့ထိရောက်မှုပိုရှိလာမှာအသေအချာပဲ။