ကျပ်ငွေတန်ဖိုးကျဆင်းပြီးနိုင်ငံခြားငွေဈေးမြင့်မားနေတာကြောင့်အခြားကုန်ပစ္စည်းပေါင်းများစွာနဲ့အတူအိမ်သုံးဆေးဝါးဈေးနှုန်းတွေလဲဆက်တိုက်မြင့်တက်လာတယ်။လူသုံးများတဲ့အဖျားပျောက်ဆေးတကဒ်ကိုအရင်က၅၀၀ကျပ်သာရှိခဲ့ရာမှအခုဆို၁၂၀၀ကျပ်လောက်ထိဖြစ်နေပြီ။ဒါဟာအိမ်သုံးဆေးဝါးအပိုင်းသာရှိသေးပြီးနာတာရှည်လူနာများအတွက်ဆိုရင်ရေရှည်ဆေးဝါးရရှိဝယ်ယူနိုင်စွမ်းမှာအခက်အခဲတွေဖြစ်လာနိုင်တယ်။မြန်မာ့ဆေးဝါးဈေးကွက်ဟာပြည်ပမှတင်သွင်းတဲ့ဆေးဝါးများကို၈၀ရာခိုင်နှုန်းမှီခိုနေရတာကြောင့်အခုလိုမြင့်တက်လာတာဖြစ်တယ်။ဆေးဝါးဆိုတာကမရှိမဖြစ်ကုန်ပစ္စည်းတစ်ခုဖြစ်တာကြောင်းအခုလိုဈေးတွေဆက်တက်နေမယ်ဆိုရင်ပြည်သူတွေလဲဆေးမကုနိုင်ပဲအသေခံဖို့သာရှိတော့တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


