ဒိုက်ဦးအကျဉ်းထောင်မှာအာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ပြင်ပခေါ်ထုတ်ပြီး နှိပ်စက်သတ်ဖြတ်မှုတွေကျူးလွန်နေတယ်။ နိုင်ငံရေး အကျဉ်းသား လေးဆယ်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ခေါ်ထုတ်သွားပြီးနောက် အဲဒီသူတွေထဲကအများအပြားသတ်ဖြတ်ခံရတယ်လို့ သတင်းတွေပေါ်ထွက်နေတယ်။အတိအကျသိရတော့၅ဦးလောက်ရှိနေပြီ။ သူတို့ကို ဒိုက်ဦးအကျဉ်းထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့စဉ် လမ်းခရီးမှာ မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ယူထွက်ပြေးတဲ့အတွက် လုံခြုံရေးတွေက ပစ်ခတ်ဖမ်းဆီးချိန်အတွင်း သေဆုံးသွားခဲ့တယ်လို့အကြောင်းပြချက်ပေးတယ်။ မဘသအဖွဲ့နဲ့ တပ်ထောက်ခံသူ အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းထားရတဲ့ နှစ်ဦးကိုလည်း ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းမှာ ထွက်ပြေးတာကြောင့် ပစ်သတ်လိုက်တယ်။ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံ အနေနဲ့ ဖမ်းဆီးပြီး အခုလို သတ်ဖြတ်နေတဲ့ ပုံစံဟာ နာဇီတွေ ဂျူးတွေကို သတ်တဲ့ ပုံစံမျိုးကျူးလွန်နေတာပဲ။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းမှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှု၊ စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် သေဆုံးရသူ ၁၅၀ ဦး ရှိနေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


