ကရင်နီပြည်နယ်၊မယ်စဲမြို့တွင်ပီးတဲ့အပတ်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာတော်လှန်ရေးအဖွဲ့တွေဖက်ကကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ထိုအဖွဲ့ဟာစစ်ကောင်စီလက်အောက်ခံကရင်နီပြည်နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ပြီးယခင်ကဘယ်ဖက်မှာမှမပါဝင်ပဲကြားနေခဲ့တဲ့လက်နက်ကိုင်တပ်ဖွဲ့တစ်ခုပါ။အခုထိုအဖွဲ့ဟာတော်လှန်ရေးအဖွဲ့တွေထံဘက်ပြောင်းဝင်ရောက်လာခဲ့တဲ့အတွက်စစ်ကောင်စီအတွက်အရှိုက်ထိသွားတာပေါ့။ဒါဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တိုင်းရင်းသားအဖွဲ့တွေထဲကပထမဆုံးနွေဦးတော်လှန်ရေးဘကကိုပြောင်းလာတဲ့အဖွဲ့ပါ။ထိုအဖွဲ့မျိုးဟာကချင်၊ကယား၊ကရင်စတဲ့ပြည်နယ်တွေမှာများစွာကျန်သေးတယ်။အထူးသဖြင့်ကရင်ပြည်နယ်မှာနယ်ခြားစောင့်တပ်ဖွဲ့တွေများစွာရှိနေပြီးစစ်ကောင်စီဖက်ကဝင်ရောက်တိုက်ခိုက်ပေးနေကြတယ်။အခုဘက်ပြောင်းမှုဟာထိုအဖွဲ့တွေအတွက်အချက်ပေးခေါင်းလောင်းသံတစ်ခုဖြစ်လာလိမ့်မယ်။
အောက်တိုဘာ ၂၉၊ ၂၀၂၅။ (အင်္ဂါ)
TLNAအဖွဲ့ကစစ်ကော်မရှင်ကိုပြန်ပေးဖို့သဘောတူခဲ့တဲ့မိုးကုတ်မြို့ကိုဆက်လက်ခုခံကာကွယ်သွားမယ်လို့NUGလက်အောက်ခံPDFတပ်တွေကကြေညာလိုက်တယ်။ထိုမြို့ကိုTLNAနဲ့PDFတပ်တွေပူးပေါင်းသိမ်းပိုက်ခဲ့တာပါ။ထို့နောက်မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုTNLAကဦးစီးလုပ်ကိုင်ခဲ့တယ်။TNLAအုပ်ချုပ်နေစဥ်ကာလအတွင်းမိုးကုတ်မြို့မှာထွက်ရှိတဲ့ပတ္တမြားတွေကိုဂေါက်ကွင်းပါမချန်မြေလှန်ပြီးတူးဖော်ခဲ့တယ်။အခုTLNAကဆုတ်ခွာမယ်ဆိုတော့PDFတပ်တွေကမြို့ကိုဆက်လက်ထိန်းချုပ်သွားမယ့်သဘောပါပဲ။အခုလောလောဆယ်တော့စစ်ကော်မရှင်ကမိုးကုတ်ကိုအလုံးအရင်းနဲ့ထိုးစစ်ဆင်မယ့်အခြေအနေမတွေ့ရသေးပါဘူး။ TLNAကစစ်ကော်မရှင်ထံပေးအပ်လိုက်တဲ့ရှမ်းမြောက်ကမိုးမိတ်မြိို့အခြေအနေကိုတော့သေချာမသိရသေးပါဘူး။ထိုမြို့ဟာလဲKIAထိန်းချုပ်နယ်မြေနဲ့နယ်နမိတ်ချင်းထိစပ်နေတယ်။TLNAဆုတ်ခွာချိန်မှာစစ်ကော်မရှင်တပ်တွေဝင်လာမလား၊KIAတပ်တွေဝင်ရောက်နေရာယူမလားမသိသေးဘူး။


