စစ်ကော်မရှင်ဟာသူ့ရဲ့လေတပ်ကိုအင်အားဖြည့်တင်းတဲ့အနေနဲ့အကြီးစားသယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်နှစ်စီးနဲ့လေယာဥ်နှစ်စီးကိုတပ်တော်ဝင်ခဲ့ပါတယ်။ရဟတ်ယာဥ်နှစ်စီးကရုရှားလုပ်MI18 အမျိုးအစားတွေဖြစ်ပြီးY8အမျိုးအစားသယ်ယူပို့ဆောင်ရေးလေယာဥ်နှစ်စီးကတော့တရုတ်နိုင်ငံထုတ်တွေပါ။ဒီကာလအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကစစ်ကော်မရှင်ရဲ့သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်အနည်းဆုံးလေးစီးခန့်အထိပစ်ချနိုင်ခဲ့ပါတယ်။Y8သယ်ယူပို့ဆောင်ရေးလေယာဥ်တစ်စီးဟာလဲအာဏာမသိမ်းခင်ကပျက်ကျခဲ့ပြီးနောက်တစ်စီးဟာအာဏာသိမ်းပြီးကာလအတွင်းပျက်ကျခဲ့တယ်။စစ်ကော်မရှင်ဟာထိုသို့ဆုံးရှုံးသွားတဲ့သူ့ရဲ့လေတပ်အင်အားကိုအလျင်အမြန်ပဲပြန်လည်ဖြည့်တင်းနေတဲ့သဘောပါပဲ။ပြည့်သူ့ဘဏ္ဏာကိုဖင်ခုထိုင်ထားနိုင်တဲ့အတွက်အခုလိုစစ်လက်နက်ပစ္စည်းတွေကိုစိတ်ကြိုက်ဖြည့်တင်းနိုင်နေတယ်။တနိုင်ငံလုံးကိုနေ့စဥ်ရက်ဆက်ဆိုသလိုလေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်နေတဲ့စစ်ကော်မရှင်ဟာလေတပ်အင်အားကိုဖြည့်တင်းနေတဲ့အတွက်တော်လှန်ရေးအင်အားစုတွေသတိထားရမှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


