TLNAဟာ မိုးကုတ်မြို့ထဲ စစ်ကော်မရှင်ကိုခေါ်သွင်းလာရုံမကပဲ သူအုပ်ချုပ်ခဲ့တဲ့ကာလအတွင်းမှာ မြို့ကိုဖျက်စီးသွားခဲ့တယ်။ နောက်ဆုံးအချိန်အထိ မြို့၏ အဖိုးတန်သယံဇာတများကို “အလွန်အကျွံ” ထုတ်ယူခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများသိမ်းယူခြင်းတို့ကြောင့် မြို့၏ အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရတယ်။ TNLA ဟာ မိုးကုတ်မြို့ကို သိမ်းယူထားသည့် ကာလတစ်လျှောက်လုံး၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိသော တရုတ်ကုမ္ပဏီများနှင့်မဟာမိတ် ကိုးကန့်ဒေသမှ လုပ်ငန်းများကို ပတ္တမြားမြေတွင် ကျောက်တူးဖော်ခွင့်များ ချထားပေးခဲ့တယ်။ ယခင်က တူးဖော်ခြင်းမရှိသည့် မြို့ရှိ ဂေါက်ကွင်းနှင့် ပတ်ဝန်းကျင် ဒေသများတွင်ပင် ကျောက်တူးဖော်မှုအား အရှိန်အဟုန်ဖြင့် ပြုလုပ်ခဲ့ကြတယ်။ အပစ်အခတ်ရပ်စဲရေးအရ TNLA က မြို့မှ ဆုတ်ခွာရန် နီးကပ်လာသော နောက်ဆုံးအချိန်အထိ တရုတ်ကုမ္ပဏီများက ဂေါက်ကွင်းတွင် ကျောက်တူးဖော်မှု အရှိန်မြှင့်တင် လုပ်ကိုင်ခဲ့တယ်။ ဒါဟာ ဒေသခံတွေရဲ့ မျက်နှာကို လုံးဝ မထောက်ခဲ့တဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်ပဲ။ ဒေသခံကျောက်တူးသမားများကိုပါ ထုတ်ယူခွင့်ပေးမှု အနည်းငယ်ရှိခဲ့သည် ဆိုသော်လည်း အများစုမှာ တရုတ်ကုမ္ပဏီများကသာ လုပ်ကွက်ရရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကျောက်တူးဖော်ရေးလုပ်ကွက် များတွင်လည်း ဒေသခံများကို ခေါ်ယူငှားရမ်းခြင်းပင် မရှိခဲ့ပါဘူး။
TNLA ဆုတ်ခွာချိန်တွင် သဘာဝသယံဇာတများ အပြင် မြို့လယ်ရှိ ပြည်သူပိုင်ပစ္စည်းများ၊ ဌာနဆိုင်ရာ ပရိဘောဂများနှင့်သစ်တောထွက် ပစ္စည်းများကိုပင် ယူဆောင်သွားခဲ့ကြတယ်။ TNLA ၏ လုပ်ဆောင်မှုများကို တားမြစ်၍ မရနိုင်သောကြောင့် မြို့ခံတွေဟာ ရင်နာနာဖြင့် လက်ပိုက်ကြည့်နေရတယ်။ စစ်ရေးအရ သိမ်းယူထားသော မြို့ကို စွန့်ခွာချိန်တွင် မိုးကုတ်မြို့ဟာ အခွံသက်သက်သာ ကျန်ပါတော့တယ်။


