အမေရိကန်ကမြန်မာတွေကိုမောင်းထုတ်မယ့်အစီအစဥ်စတင်ချိန်မှာပဲစစ်ကောင်မရှင်ကသူတို့ကိုဆန့်ကျင်လို့ထောင်ထဲထည့်ထားတဲ့သူတွေနဲ့ဖမ်းဝရမ်းထုတ်ထားတဲ့သူတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီးထုတ်ပြန်လိုက်တယ်။အဓိကတော့နိုင်ငံရေးပုဒ်မနဲ့ထောင်ကျနေသူတွေပါ။ပြည်ပနိုင်ငံတွေမှာရောက်ရှိနေတဲ့သူတွေကိုလဲလွတ်ငြိမ်းခွင့်ပေးမှာဖြစ်တာကြောင့်ပြည်တွင်းပြန်လာဖို့ခေါ်ထားတယ်။ဒါပေမယ့်စစ်ကော်မရှင်ကိုယုံကြည်ပြီးဘယ်သူမှပြန်လာမှာမဟုတ်ပါဘူး။
စစ်ကော်မရှင်ဟာရွေးကောက်ပွဲအတွက်နိုင်ငံတကာကိုအပြကောင်းအောင်သာအခုလိုလွတ်ငြိမ်းခွင့်ထုတ်ပြန်လိုက်တာပါ။ထောင်ကျနေတဲ့နာမည်ကြီးပုဂ္ဂိုလ်တွေထဲကဘယ်သူတွေပြန်လွတ်လာမလဲဆိုတာတော့စောင့်ကြည့်ရမယ်။


