မကွေးတိုင်းမြိုင်မြို့နယ်မှာပြည်သူတွေကိုဗုံးကြဲဖို့တက်လာတဲ့စက်တပ်လေထီးတစ်ခုကိုတော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်ခဲ့ပါတယ်။ပစ်ချခံရတဲ့စက်တပ်လေထီးကိုပါဖျက်စီးနိုင်ခဲ့တယ်။မောင်းနှင်သူနှစ်ဦးကိုတော့ရှာမတွေ့သေးပါဘူး။
ထိုစက်တပ်လေထီးမျိုးကိုပစ်ချနိုင်တာဒါဒုတိယအကြိမ်ပါ။ပထမအကြိမ်တုန်းကလဲအညာမြေမှာပဲပစ်ချနိုင်ခဲ့တယ်။ထိုစက်တပ်လေထီးတွေဗုံးကြဲလို့သီတင်းကျွတ်လပြည့်နေ့ကလဲမုံရွာမြို့အနီးရွာတရွာကမီးထွန်းပွဲလုပ်နေတဲ့ပြည်သူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့သေးတယ်။များများပစ်ချနိုင်မှသူတို့တွေလေပေါ်မတက်ရဲမှာပါ။


