ကရင်ပြည်နယ်မှာစောချစ်သူရဲ့BFGတပ်တွေထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်မြို့ကကျားဖြန့်လုပ်ငန်းတွေကိုသတင်းတွေထွက်လာတဲ့အတိုင်းစစ်ကော်မရှင်တပ်တွေကဝင်ရောက်စီးနင်းနေပါတယ်။ထိုလုပ်ငန်းတွေမှရှိတဲ့နိုင်ငံခြားသားအများအပြားထိုင်းနိုင်ငံဘက်ကိုထွက်ပြေးနေပြီးမြန်မာအလုပ်သမားတွေလဲဘေးလွတ်ရာကိုပြေးနေရတယ်။စစ်ကော်မရှင်ကတော့ထိုလုပ်ငန်းတွေမှာထိုင်းနိုင်ငံ၊BGF၊DKBA၊KNUတို့ပါဝင်ပတ်သက်နေလို့ဒီလောက်အထိကြီးထွားလာရတာလို့အပြစ်ဖို့ထားတယ်။တကယ့်မူရင်းဇစ်မြစ်ကစစ်ကော်မရှင်ဆိုတာကိုရှောင်လွဲဖို့ကျန်တဲ့ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ထိုင်းနိုင်ငံကိုပါအရှက်မရှိစွပ်စွဲထားနေတာပါ။
ထိုင်းမြန်မာနယ်စပ်ကကျားဖြန့်လုပ်ငန်းတွေအဓိကစုစည်းရာနေရာကြီးနှစ်ခုဖြစ်တဲ့KK PARK နဲ့ ရွှေကုက္ကိုလ်တို့ဟာအချိန်တိုအတွင်းစီးနင်းဖျက်စီးခံလိုက်ရတဲ့အတွက်လုပ်ငန်းလည်ပတ်မှုတွေရပ်တန့်သွားတယ်။အရင်ကလျှပ်စစ်မီးအခက်အခဲ၊အင်တာနက်လိုင်းအခက်အခဲစတာတွေကိုအောင်မြင်စွာကျော်လွားနိုင်ခဲ့ပြီးလုပ်ငန်းလည်ပတ်မှုတွေရပ်တန့်တဲ့အထိမဖြစ်ခဲ့ဘူး။ညဘက်ဆိုရင်ထိုနေရာတွေကအဆောက်အအုံတွေဟာမီးစက်ကြီးတွေမောင်းပြီးလျပ်စစ်မီးတွေထိန်ထိန်လင်းခဲ့ကြတယ်။အခုလက်တလောမှာမြို့ပျက်ကြီးတွေလိုဖြစ်သွားပါပြီ။


