မကြာသေးမှီကတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်နိုင်ခဲ့တဲ့တနင်္သာရီတိုင်း၊မောတောင်မြို့နဲ့စစ်ကိုင်းတိုင်းကဗန်းမောက်မြို့ကိုအကြမ်းဖက်စစ်တပ်ကပြန်လည်ရယူနိုင်ဖို့ကြိုးစားနေပါတယ်။မောတောင်မြို့ကိုမြေပြင်ကစစ်ကူပေးလို့မရတဲ့အတွက်လေကြောင်းကနေရဟတ်ယာဥ်ငါးစီးနဲ့အင်အားတစ်ရာကျော်ချပေးခဲ့တယ်။ဒါပေမယ့်ထိုအင်အားတွေထဲကတဝက်လောက်ကတော်လှန်ရေးအဖွဲ့တွေထံလက်နက်ချသွားလို့မြို့ကိုပြန်မသိမ်းနိုင်ခဲ့ပါဘူး။
ဗန်းမောက်မြို့မှာလဲမြို့အနောက်ဘက်တစ်မိုင်ခန့်အကွာမှာနေ့စဥ်တိုက်ပွဲတွေဖြစ်နေတယ်။အခုချိန်အထိတော့စစ်တပ်စစ်ကြောင်းတွေမြို့ထဲမဝင်နိုင်သေးပါဘူး။အကြမ်းဖက်စစ်တပ်ကတနိုင်ငံလုံးမှာထိုးစစ်ဆင်ပြီးနယ်မြေတွေပြန်သိမ်းနေချိန်မှာအဆိုပါနှစ်မြို့တော်လှန်ရေးအင်အားစုတွေလက်ထဲပါသွားတာစစ်ကော်မရှင်နားရွက်ကိုတံတွေးဆွတ်သလိုဖြစ်နေတယ်။


