မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် ဆည်တော်ကြီးဆည် စခန်းများကိုစစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပါပြီ။ စစ်ကော်မရှင်တပ်က စစ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသောထို နယ်မြေများကို ပြန်လည်ရရှိသွားသဖြင့် မတ္တရာမြို့နယ်တွင်းကျေးရွာများမှ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ပြီး အများအပြား တိမ်းရှောင်နေကြတယ်။ မတ္တရာတန်ပြန်ထိုးစစ်ကို ယမန်နှစ်နိုဝင်ဘာလမှ စတင်ခဲ့သော စစ်ကော်မရှင်တပ်ဟာ လူ၊ လက်နက်၊ နည်းပညာအင်အား အသာစီးဖြင့် အနောက်ခြမ်း၊ အရှေ့ခြမ်းတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ယခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်၍ မြို့နယ် မြောက်ဘက်သို့ ထိုးဖောက်လာပြီး ယခုလဆန်းတွင်ဆည်တော်ကြီးအနီး ကျေးရွာများအထိ ရောက်လာတာပါ။ ထိုစခန်းနှစ်ခုကို ပြန်လည်ရရှိသွားတဲ့အတွက် စစ်ကော်မရှင်ဟာ မတ္တရာမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်သွားပါပြီ။ လက်ရှိမှာလဲ သပိတ်ကျင်းမြို့ပေါ်နှင့်နေရာအများစုကို စစ်တပ်က ပြန်ရယူထားသလို မတ္တရာမြောက်ဘက် အထိ စစ်တပ် ရောက်လာသဖြင့် ထိုနှစ်မြို့ကြားရှိ MDY-PDF ထိန်းချုပ်သည့်စဉ့်ကူးမြို့အခြေအနေကလဲ စိုးရိမ်စရာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


