ရှမ်းမြောက်မှာ စစ်ကော်မရှင်နှင့် တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် (TNLA) တို့ အပစ် ရပ်စဲလိုက်ပြီးနောက်စစ်ကော်မရှင်က ၎င်းတို့ တပ်ဖြန့်ထားသည့် ရှမ်းမြောက်ရှိ တပ်များကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းကိုပြန်လည် ခေါ်ယူလာတယ်။ ပြီးခဲ့တဲ့ရက်တွေက ရှမ်းမြောက်ဘက်မှ ပြန်ဆင်းလာတဲ့ စစ်ကော်မရှင်တပ်တွေဟာ စစ်သုံးကားကြီး အစီး ၅၀ ကျော်တယ်။ ထိုထဲမှ မတ္တရာဘက်ကို ကားအစီး ၄၀ ဝင်ရောက်သွားတယ်။ ထိုသို့ တပ်အင်အားများ ပို့ခဲ့ပြီးနောက် စစ်ကော်မရှင်က မတ္တရာမြို့နယ်အတွင်း စစ်ကြောင်း သုံးကြောင်း ထက်မနည်းခွဲကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေတယ်။ မတ္တရာသို့ မြေပြင်စစ်ကြောင်း အင်အား ၁၀၀၀ ခန့်အပြင် သံချပ်ကာကားများ တင့်ကားများပါပါဝင်လာတယ်။ မတ္တရာနယ်တစ်ခုလုံးကိုလဲ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာမီစွန့်လွတ်လိုက်ရတော့မယ်ထင်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


