ရခိုင်ပြည်နယ်ကAAသိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကော်မရှင်ကဆက်တိုက်ဗုံးကြဲနေပါတယ်။ဗုံးကြဲမှုကြောင့်ထုံးစံအတိုင်းအရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်။ဒါဟာရှမ်းမြောက်ကအင်အားကြီးEAOနှစ်ဖွဲ့စစ်ကော်မရှင်နဲ့အပစ်ရပ်လိုက်တဲ့ရလဒ်တွေပါ။ရှမ်းမြောက်မှာအပစ်ရပ်လိုက်တဲ့အတွက်စစ်ကော်မရှင်ဟာထိုဒေသတွေကိုဗုံးကြဲလို့မရတော့ပါဘူး။ဒါ့ကြောင့်တခြားတော်လှန်ရေးအင်အားစုတွေရဲ့ထိန်းချုပ်ဒေသတွေကိုပိုမိုဗုံးကြဲလာတော့မှာပါ။
ရှမ်းမြောက်ကMNDAAနဲ့TLNAတို့စစ်ကော်မရှင်နဲ့အပစ်ရပ်လိုက်တာဟာတော်လှန်ရေးမှာသက်ရောက်အားကြီးပါတယ်။စစ်ကော်မရှင်ဟာထိုဒေသတွေမှာတပ်အင်အားအများအပြားသုံးစရာမလိုတော့ပါဘူး။ဒါ့ကြောင့်ထိုအင်အားတွေကိုတိုက်ပွဲတွေပြင်းထန်နေတဲ့အခြားဒေသတွေကိုရွေ့ပြောင်းအသုံးပြုလာတော့မှာပါ။


