ကရင်ပြည်နယ်မြဝတီမြို့အနီးတဝိုက်ကကျားဖြန့်လုပ်ငန်းတွေကိုစစ်တပ်ကဝင်ရောက်စီးနင်းနေပါတယ်။ဒီတခါတော့ဟန်ပြမဟုတ်တော့ပဲကျားဖြန့်လုပ်ငန်းတွေကအလုပ်သမားတွေထွက်ပြေးနေရတယ်။အလုပ်သမားတွေထဲမှာမြန်မာလူမျိုးတွေရော၊နိုင်ငံခြားသားတွေပါပါဝင်နေတယ်။မြန်မာတွေကကြုံရာနေရာဒေသတွေကိုပြေးကြသလိုနိုင်ငံခြားသားတွေကတော့ထိုင်းနိုင်ငံဘက်ထွက်ပြေးကြတယ်။ဒါပေမယ့်ကျားဖြန့်ထိပ်ပိုင်းခေါင်ဆောင်တရုတ်လူမျိုးတွေကိုတော့စစ်တပ်နဲ့BGFတွေကအကာအကွယ်ပေးထားဆဲပါ။
စစ်အုပ်စုဟာသူတို့အတွက်ပိုက်ဆံရှာပေးနေတဲ့ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းပြရတာဟာအကြောင်းတရားတော့ရှိပါတယ်။မကြာမီရက်ပိုင်းအတွင်းအာဆီယံထိပ်သီးအစည်းအဝေးကျင်းပတော့မှာဖြစ်ပြီးထိုအစည်းအဝေးမှာကျားဖြန့်တွေနဲ့ပတ်သက်ပြီးအရေးယူမှုတွေရှိလာမှာစိုးလို့လက်ဦးအောင်ဟန်ပြနှိမ်နင်းရခြင်းပါ။အခုလိုလုပ်လိုက်လို့လဲကျားဖြန့်လုပ်ငန်းတွေပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။စစ်အုပ်စုကနိုင်ငံတကာကိုအချိန်ကိုက်လှည့်စားတဲ့သဘောပါပဲ။


