ကရင်ပြည်နယ်၊မြဝတီမြို့အနီးမှာကျယ်ပြန့်စွာလုပ်ကိုင်နေတဲ့ကျားဖြန့်လုပ်ငန်းတွေအတွက်တော့မျက်ခုံးလှုပ်စရာဖြစ်လာပါပြီ။မြဝတီမြို့ပတ်ဝန်းကျင်ကိုတစိတ်တပိုင်းထိန်းချုပ်နိုင်ပြီးနောက်စစ်အုပ်စုကကျားဖြန့်လုပ်ငန်းတွေကိုစတင်အဖမ်းပြလာပြီ။ကျားဖြန့်လုပ်ငန်းခွင်တွေထဲဝင်ပြီးသေနတ်တကားကားနဲ့ဖမ်းဆီးမှုတွေပြုလုပ်နေတာတွေကိုသတင်းထုတ်ပြန်လာတယ်။ဒါပေမယ့်ရုပ်ပြကောင်းအောင်သာအဖမ်းပြမှန်းလူတိုင်းသိကြတယ်။
ကျားဖြန့်တွေအတွက်တကယ်ထိခိုက်မှုရှိလာနိုင်တဲ့နောက်အကြောင်းအရာတစ်ခုလဲရှိသေးတယ်။ထိုဒေမှာကျားဖြန့်တွေအသုံးပြုနေတဲ့Star link အင်တာနက်စနစ်ကိုအမေရိကန်ဘက်ကပိတ်လိုက်တယ်။စုစုပေါင်း ၂၅၀၀ခန့်အပိတ်ခံရတယ်လို့သိရတယ်။ထိုဒေသကကျားဖြန့်တွေဟာအရင်ကထိုင်းနိုင်ငံကအင်တာနက်ကိုသွယ်ယူအသုံးပြုကြတယ်။နောက်ပိုင်းမှာထိုင်းဘက်ကအင်တာနက်နဲ့လျှပ်စစ်မီးပိတ်ပင်လိုက်ပြီးနောက်Star linkကိုအသုံးပြုကြတာပါ။အခုstar link ပိတ်ခံရပြီးနောက်ကျားဖြန့်တွေဘယ်လိုဆက်လုပ်ကြမလဲမသိသေးဘူး။သူတို့ကတော့မရရတဲ့နည်းနဲ့ဆက်လုပ်ကြမှာပဲ။


