အာဏာသိမ်းစစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ နေ့တိုင်းနီးပါး ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၁ရက်နေ့ကနေ ၁၀ရက်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၈ဦးထက်မနည်း သေဆုံးကာ ၃၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ TNLA ရဲ့ထုတ်ပြန်မှုတွေအရ မိုးကုတ်၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ် စတဲ့ TNLAထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ နမ္မတူနဲ့ သီပေါကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်။ ဒီလေကြောင်း တိုက်ခိုက်ခံရမှုတွေမှာ ကလေးငယ်တွေအပါအဝင် ပြည်သူတွေအစုလိုက် အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရတာပါ။ TLNA သိမ်းပိုက်ထားတဲ့မြို့အားလုံးကို စစ်ကော်မရှင်က လေကြောင်းကနေတောက်လျှောက်ခြိမ်းခြောက်နေတာပါ။ ဒီလထဲမှာလဲ အဆိုပါနှစ်ဖွဲ့တွေ့ဆုံဆွေးနွေးဖို့ရှိသေးတယ်။ ထိုဆွေးနွေးပွဲမှာအထက်စီးက ပြောဆိုလို့ရအောင်မြို့ရွာတွေကို ဗုံးကြဲနေခြင်းပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


