စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို ထိထိရောက်ရောက်အနှောက်အယှက် မပေးနိုင်သေးပါဘူး။စဥ်းစားမိသလောက်ထိုဥပဒေမအောင်မြင်အောင်လုပ်နိုင်မယ့် အချက်နှစ်ချက်လောက်ပဲရှိမယ်။အဲ့ဒါတွေကိုတော့ စစ်တပ်ထဲကလူသစ်လေးတွေ အစုလိုက်အပြုံလိုက်လက်နက်တွေယူပြီးထွက်ပြေးတာနဲ့ စစ်တပ်ကိုတပ်တွင်း ပုန်ကန်မှုလုပ်တာမျိုးပေါ့။ဒါပေမယ့်အခုလို ဥပဒေသက်တမ်းတစ်နှစ်ကျော်ကြာလာတဲ့ အချိန်မှာဖြစ်နိုင်ဖို့ခဲယဥ်းသွားပါပြီ။စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေဟာ အနှောက်အယှက်ကြီးကြီးမားမားမရှိပဲ အောင်မြင်သွားပြီလို့ ကောက်ချက်ချလို့ရပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


