ကရင်ပြည်နယ်မြဝတီမြို့အနီးက KNUနဲ့ပူးပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့လေးကေကော်မြို့သစ်ကို စစ်ကော်မရှင်ကထိုးစစ်စလာပါပြီ။စစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်နေလို့တိုက်ပွဲတွေ ပြင်းထန်နေတယ်။လောလောဆယ်မှာတော့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ခုခံမှုကြောင့် ထိုစစ်ကြောင်းတွေအကုန်အကျအဆုံးတွေနဲ့ တက်လန်ကျသွားတယ်လို့သိရတယ်။
အဆိုပါစစ်တပ်စစ်ကြောင်းတွေဟာ စစ်မှုထမ်းလူသစ်တပ်သားတွေကိုရှေ့ဆုံးမှာထားပြီး တက်လာတာပါ။တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဒါကိုသိပေမယ့်မပစ်ပဲသနားနေရင် ကိုယ့်ဘက်ကခံရမှာဖြစ်တဲ့အတွက် အတင်းအဓ္ဓမစစ်မှုထမ်းဖို့ ခေါ်ဆောင်လာသူတွေဆိုပေမယ့်လဲ အကြမ်းဖက်စစ်တပ်ထဲရောက်နေရင် အကြမ်းဖက်စစ်သူပုန်တွေအဖြစ် သုတ်သင်ရမှာပဲ။


