ရန်ကုန်ကမြို့နယ်ရပ်ကွက်တွေထဲမှာ စစ်ကော်မရှင်ကပြုလုပ်နယ့်အတုအယောင်ရွေးကောက်ပွဲအတွက် အစမ်းသရုပ်ပြပွဲတွေ စတင်လုပ်ဆောင်လာတယ်။ရပ်ကွက်အတွင်းဧည့်စာရင်းနဲ့ နေထိုင်သူတွေရဲ့ဧည်စာရင်းစာအုပ်တွေကို သိမ်းသွားတယ်။ထိုသရုပ်ပြပွဲကိုမတက်ရင် ဧည့်စာရင်းစာအုပ်ကိုပြန်မထုတ်ပေးပါဘူး။အနုနည်းနဲ့ အကြပ်ကိုင်တာပေါ့။အဲ့ဒီတော့ သူတို့လုပ်တဲ့သရုပ်ပြပွဲကို ကြိုက်ကြိုက်မကြိုက်သွားရတယ်။ဒါတောင်အခုက အစမ်းသရုပ်ပြပွဲပဲရှိသေးတယ်။တကယ်ရွေးကောက်ပွဲဖြစ်လာရင် မဲလာထည့်ကြဖို့ဘယ်လိုအကြပ်ကိုင်ဦးမလဲ မသိဘူး။ဒါကြောင့်စစ်ကော်မရှင်အုပ်ချုပ်မှုအောက်က ပြည်သူတွေကတော့ရွေးကောက်ပွဲကို ကန့်ကွက်ဖို့နေနေသာသာ မဲမပေးပဲတောင်နေလို့ ရမယ်မထင်ဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


