ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးမြို့မှာ ဈေးဆိုင်ခန်းတွေ အားလုံး မှန်ကာရံတာ၊ မှန်တံခါးတပ်တာကို စက်တင်ဘာလအတွင်းမှာ အပြီးသတ်လုပ်ဖို့ စစ်အုပ်စုလက်အောက်ခံ စည်ပင်ဌာနက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အမိန့်ကို မလိုက်နာရင်ဆိုင်ပိတ်သိမ်းသည်အထိအရေးယူမယ်လို့ ဆိုတယ်။ မန္တလေးမြို့မှာ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တာ ငါးလကျော်လာတဲ့အထိ ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်သေးသလို အခကြေးငွေ မတက်နိုင်တာကြောင့် အိမ်အပျက်အစီးတွေကို မဖြိုနိုင်ကြသူတွေလည်း ရှိနေချိန်မှာ ဒီလိုအရေးမပါတဲ့ အမိန့်တွေထွက်လာတာကြောင့် စစ်အုပ်စုရဲ့ညွှန်ကြားချက်ကို မြို့ခံတွေက ဝေဖန်နေကြတယ်။ အလားတူ ပြင်ဦးလွင်မြို့နယ်ကို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ခေတ်မှီမြို့တော်အကြောင်းပြကာ မန္တလေး-လားရှိုးလမ်းမ အပါအဝင် မြို့နယ်အတွင်းက ဆိုင်ခန်းတွေကို မှန်တံခါးတပ်ဆင်တာ၊ မှန်ကာရံတာနဲ့ (နေရောင်ကာ)တွေ ဖျက်ခိုင်းတာတွေ လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ပြည်သူတွေလဲ စစ်ခေါင်းဆောင်ရဲ့ရူးနံ့နံ့အမိန့်တွေကြားမှာ မရိုးအောင်ပဲဒုက္ခရောက်နေကြတယ်။


