စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်ကဗန်းမောက်မြို့ကို NUG PDF တပ်တွေ သိမ်းယူလိုက်ပါတယ်။ထိုမြို့ကိုစက်တင်ဘာ ၁၅ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးငါးရက်အကြာမှာ သိမ်းယူနိုင်ခဲ့တယ်။မြို့အခြေစိုက် စစ်တပ်တပ်ရင်းတွေမရှိတာကြောင့်လဲ မြန်မြန်ဆန်ဆန်သိမ်းယူနိုင်တာပါ။မြို့ကိုသိမ်းနိုင်ပဲမယ့် မြို့အနောက်ဘက်မှာတော့ စစ်အုပ်စုရဲ့တပ်စခန်းအချို့ကျန်ပါသေးတယ်။
ဗန်းမောက်မြို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်မြို့၊ပင်လည်ဘူးမြို့တို့နဲ့မနီးမဝေးမှာတည်ရှိတယ်။စစ်ရေးအရတော့ အများကြီးအချက်အခြာမကျပါဘူး။ဧပြီလမှာ အင်းတော်မြို့ကိုသိမ်းပိုက်နိုင်ပြီးနောက်ပိုင်း ငါးလကြာမှတော်လှန်ရေးအင်အားတပ်ဖွဲ့တွေအနေနဲ့ နောက်ထပ်မြို့တစ်ခုကို စစ်အုပ်စုထံကသိမ်းယူနိုင်တာပါ။


