တကယ်တော့ ကုန်စျေးနှုန်းတွေတက်လာတာ စစ်ကော်မရှင်ရဲ့စနက်တွေပါပဲ။ပီးခဲ့တဲ့လကစပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေရော လေကြောင်းကုန်သွယ်ရေးကိုရော ပိတ်လိုက်တယ်။ပြည်ပက ဘာကုန်ပစ္စည်းမှမဝင်တော့ဘူး။ဒါ့အပြင် ပြည်တွင်းမှာလဲလွတ်လပ်စွာကုန်စည်စီးဆင်းခွင့်ကို ပိတ်ပင်ထားသေးတယ်။ရန်ကုန်မန္တလေးကုန်သွယ်ရေးလမ်းမကြီးတွေပေါ်မှာတောင် စစ်အုပ်စုကဂိတ်ပေါင်းများစွာဖွင့်ပြီး ဆက်ကြေးကောက် ဓားပြတိုက်နေတယ်။ကုန်ကားတွေဆက်ကြေးပေးရတာများလွန်းလို့ မထွက်နိုင်ကြတော့ဘူး။ထိုအကျိုးသက်ရောက်မှုတွေကို အခုစတင်ခံစားနေရပြီဖြစ်တယ်။အဓိကကတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်မဖွင့်ပေးသမျှကုန်စျေးနှုန်းတွေက တက်နေမှာပဲ။နိုင်ငံထဲကို သွင်းကုန်မှန်သမျှပိတ်ထားပြီး ကုန်သွယ်ရေးပိုငွေပြနေပါတယ်လို့စစ်ကော်မရှင်က ကြွေးကြော်နေသေးတယ်။ဦးနှောက်မရှိတဲ့သူတွေ အုပ်ချုပ်နေသမျှတော့ နိုင်ငံစီးပွားရေးဟာအဖတ်ဆယ်မရအောင် ပျက်စီးနေမှာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


