နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုက ထိုအထွေထွေထိုးစစ်ဟာ NUGလက်အောက်ခံတပ်တွေ သီးသန့်လုပ်ဆောင်လို့မရပဲ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကပါ ပူးပေါင်းပါဝင်ကြမှသာစစ်ကော်မရှင်ကို ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။အခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်မယ်ဆိုရင်လဲ စစ်ရေးအရ မပူးပေါင်းခင်နိုင်ငံရေးအရကြိုတင်သဘောတူညီချက်တွေ မဖြစ်မနေရှိထားဖို့ လိုအပ်ပါတယ်။အခုချိန်ထိတော့ ထိုအရာကိုမတွေ့ရသေးပါဘူး။စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမတိုင်မှီ တော်လှန်ရေးအင်အားစုတွေကြား ဘုံသဘောတူညီချက်တစ်ခုရရှိဖို့ကြိုးစားနေတယ်လို့တော့ သိထားတယ်။ အခြားအဖွဲ့တွေ အချိန်ကိုက်ပါဝင်မှုမရှိပဲNUGတစ်ဦးထဲ သီးသန့်စစ်ကော်မရှင်ကို တိုက်မယ်ဆိုရင်တော့ အလွန်ဆုံးတစ်လလောက်နဲ့ အဖျားရှူးသွားပါလိမ့်မယ်။အချိန်ကတော့ သိပ်မကျန်တော့ပါဘူး။လုပ်ဆောင်သင့်တာတွေကို အချိန်မှီလုပ်ဆောင်နိုင်ဖို့ပဲ မျှော်လင့်မိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


