ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာအေအေနဲ့ စစ်ကော်မရှင်တပ်တို့တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပါတယ်။အေအေတပ်တွေဟာ စစ်အုပ်စုရဲ့လက်နက်ထုတ်တဲ့စက်ရုံတစ်ခုဖြစ်တဲ့ ကပစ၆အနီးထိ ရောက်ရှိလာနေပြီဖြစ်တယ်။ဒါ့ကြောင့် စစ်အုပ်စုဟာအလန့်တကြားနဲ့ အေအေတပ်တွေပြန်ဆုတ်သွားအောင် အင်ဖြည့်တင်းပြီး တိုက်စစ်ဆင်နေတာပါ။စစ်အုပ်စုက တိုက်စစ်ဆင်နေပေမယ့်လဲ အကြိမ်ကြိမ်ပြန်လန်ကြနေတယ်။အဆိုပါတိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်ကအင်အားငါးရာကျော်သေဆုံးသွားပြီး ပျောက်ဆုံးထွက်ပြေးသူတွေလဲ အများအပြားရှိနေတယ်။ဒါပေမယ့်လဲ ထပ်မံအင်အားဖြည့်တင်းပြီး အေအေတပ်တွေကို မောင်းထုတ်ဖို့ကြိုးစားနေတယ်။
စစ်ကော်မရှင်ဟာ ရခိုင်ပြည်နယ်မှာကျောက်ဖြူမြို့နဲ့ အခုမကွေးတိုင်းအစပ်တွေမှာအေအေကို ထိုးစစ်ဆင်ပြီးစစ်ရေးအရအသာစီးယူဖို့ ကြိုးစားနေပေမယ့်အခုထိတောင် မအောင်မြင်သေးပါဘူး။တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ စစ်ကော်မရှင်ဘက်ကနယ်မြေတွေ ပြန်မသိမ်းနိုင်သေးတာ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်သာ ရှိပါတော့တယ်။


