ရန်ကုန်မြို့မြေနီကုန်းကလူသွားလူလာနည်းနဲ့ လမ်းတစ်ခုမှာfoodpandaပို့သမားလေးတစ်ယောက်ရဲ့ Delivery Bag ပုံလေးတစ်ခုဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံနှံလာတယ်။အိတ်ထဲမှာလဲ ပို့ရမယ့်ပစ္စည်းလေးတွေရှိနေသေးတယ်တဲ့။ဒါဆိုထိုဒယ်လီသမားလေးက ဘယ်ရောက်သွားတာလဲ။လုယက်ခံလိုက်ရတာ ဖြစ်နိုင်တယ်။အဖြစ်နိုင်ဆုံးကတော့ ပေါ်တာဆွဲခံလိုက်ရတာပဲ။
ဒီကာလမှ Deliveryသမားလေးတွေလို အခြေခံလူတန်းစားတွေရဲ့ဘဝတွေက အတော်သနားဖို့ကောင်းပါတယ်။ဝမ်းစာအတွက် လမ်းပေါ်မှာပင်ပန်းကြီးစွာရုန်းကန်နေရချိန်မှာ အချိန်မရွေးစစ်အုပ်စုရဲ့ ပေါ်တာဆွဲခြင်းကိုခံသွားရနိုင်တယ်။ရန်ကုန်မှာလဲ တပတ်ကိုလူငယ်နှစ်ဆယ်ဦးခန့်ပေါ်တာဆွဲခံနေရတယ်လို့ သတင်းအချို့ကဆိုပါတယ်။စစ်ကော်မရှင် အုပ်ချုပ်မှုအောက်က ဒေသတွေကပြည်ပကို မထွက်နိုင်တဲ့လူငယ်အများစုကတော့ ဘယ်တော့ပေါ်တာဆွဲခံရမလဲဆိုတဲ့ စိတ်ကြီးနဲ့နေ့ရက်တိုင်းကို ဖြတ်သန်းနေရတယ်။


