မန္တလေးမြို့နဲ့စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ဧရာဝတီမြစ်ကူးတံတားပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲနေတာအခြေအနေ အတော်ဆိုးလာပါတယ်။နေ့စဥ်နီးပါး ပေါ်တာဆွဲနေတာကြောင့် စစ်ကိုင်းမှမန္တလေးကိုအလုပ်သွားလုပ်မယ့် လူငယ်တွေ အလုပ်နားလိုက်ရတယ်။ဒေသတွင်းက ခရီးသယ်တင်ယာဥ်လိုင်းတွေလဲ နားထားကြတယ်။စစ်ကိုင်းမြို့ပေါ်မှာလဲ လူသွားလူလာ ကင်းရှင်းပြီးတိတ်ဆိတ်နေတယ်။
ဒီထပ်ပိုဆိုးတာကတံတားပေါ်မှာ ပေါ်တာဆွဲနေလို့တံတားအောက်ကနေ စက်လှေတွေဇက်ရေယာဥ်တွေနဲ့ မြစ်ကိုဖြတ်ကူးတဲ့ပြည်သူတွေကိုပါ ဆိပ်ကမ်းမှာဖမ်းပြီး ပေါ်တာဆွဲနေတာပါ။ထိုနေရာဟာဖြတ်သန်းသွားလာသူများတဲ့အတွက် စစ်အုပ်စုအတွက် စိတ်ကြိုက်ပေါ်တာဆွဲဖို့ အဆင်ပြေနေတယ်။


