မနေ့ဟာNUGအနေနဲ့ မတရားအာဏာလုယူထားတဲ့ စစ်အာဏာရှင်တွေကို ခုခံတော်လှန်စစ်စတင်ပြီလို့ကြေညာခဲ့တဲ့နေ့ပါ။၂၀၂၁ခုနှစ်ကကြေညာခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင်လေးနှစ်ကျော်ရှိလာခဲ့ပါပြီ။လေးနှစ်ကျော်ကာလအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဟာ နယ်မြေအတော်များများ သိမ်းပိုက်စိုးမိုးနိုင်နေပေမယ့် လက်ရှိအချိန်မှာတော့ စိန်ခေါ်မှုတွေအကြပ်အတည်းတွေကို အကြီးအကျယ်ရင်ဆိုင်နေရတယ်။
စစ်ကော်မရှင်ဟာ တရုတ်အကူအညီနဲ့တနိုင်ငံလုံံးမှာ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် စစ်ပွဲတွေပြင်းထန်နေတယ်။ပြည်နယ်နဲ့တိုင်း ၁၄ခုမှာတိုက်ပွဲတွေလုံးဝမရှိသေးတဲ့ မွန်ပြည်နယ်နဲ့ရန်ကုန်တိုင်းကလွဲပြီး ကျန်တဲ့ဒေသကြီး၁၂ခုလုံးမှာတန်ပြန် ထိုးစစ်ဆင်နေတာပါ။စစ်ကော်မရှင်ရဲ့ထိုးစစ်တွေကြောင့် ရခိုင်ပြည်နယ်ကလွဲပြီးကျန်ဒေသတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အနည်းနဲ့အများဆိုသလို နောက်ဆုတ်ပေးနေရတယ်။ရယူထားတဲ့နယ်မြေတွေကို ပြန်လည်လက်လွတ်နေရတယ်။ဒါပေမယ့်လဲ အခုချိန်ထိNUGအပါအဝင် တော်လှန်ရေးအင်အားစုတွေမှာ စစ်ကော်မရှင်ရဲ့တန်ပြန်ထိုးစစ်တွေကို တုန့်ပြန်နိုင်မယ့် အစီအမံကောင်းကောင်းမရှိသေးပါဘူး။တဖွဲ့ချင်းစီသာ ကိုယ့်အစီအစဥ်နဲ့ကိုယ်ခုခံနေပြီး ဒီအကြပ်အတည်းကိုဖောက်ထွက်ဖို့အတွက် မဟာဗျူဟာမြောက်ပူးပေါင်းမှုတွေရှိမလာရင်တော့ ရေရှည်မှာတော်လှန်ရေးအောင်မြင်နိုင်ဖို့ စိုးရိမ်ရပါတယ်။


