မြဝတီမြို့အနီးဒေါ်နတောင်တန်းပေါ် အာရှလမ်းမပေါ်မှာစစ်ကော်မရှင်ရဲ့အောင်ဇေယျစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့KNUနဲ့ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေ ပြန်ဆုတ်လာရပြီလို့သိရတယ်။စက်တင်တာဘာလတစ်ရက်နေ့ကစပြီး စစ်ကော်မရှင်ကမြဝတီမြို့ကို ရက်ကိုးဆယ်နဲ့ချီတက်မယ်လို့ကြွေးကြော်ပြီးအင်အားအများအပြားနဲ့ ဒေါ်နတောင်ပေါ်စစ်ကြောင်းပြန်ထိုးလာလို့ဒီရက်တွေအတွင်း တိုက်ထိုဒေသတဝိုက်မှာတိုက်ပွဲတွေ အလွန်ပြင်းထန်နေပါတယ်။အစောပိုင်းရက်တွေက တိုးလာတဲ့စစ်တပ်စစ်ကြောင်းတွေအကြိမ်ကြိမ် ပြန်လန်ကျနေတဲ့သတင်းတွေကို သာသိနေရတယ်။အခုမှရုတ်တရက်ကြီးအောင်ဇေယျစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့အဖွဲ့တွေ ပြန်ဆုတ်လာရတဲ့အခြေအနေကိုတော့သေချာမသိရသေးပါဘူး။ထိုနေရာကဆုတ်ခွာပေးရရင် အာရှလမ်းမကြီးကို တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်မှုကို လက်လွတ်ရနိုင်ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


