လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကျဥ်းထောင်ထဲမှာကျန်းမာရေးမကောင်းတဲ့ သတင်းတွေထွက်ပေါ်နေတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာနှလုံးရောဂါခံစားနေရတယ်။စစ်အုပ်စုကသမားတော်နဲ့ ကုသခွင့်မပေးပဲ သာမာန်ထောင်ဆရာဝန်နဲ့သာ လွတ်ထားတာကြောင့်အခြေအနေပိုဆိုးလာတယ်လို့သိရတယ်။ပြီးခဲ့တဲ့တစ်ခေါက်ကလဲ သူမဟာသွားကိုက်ဝေဒနာ ခံစားနေရတဲ့သတင်းတွေ တက်လာသေးတယ်။စစ်အုပ်စုဟာဒေါ်အောင်ဆန်းစုကြည်ကိုအနုနည်းနဲ့သတ်ချင်ရင်ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုအလုံအလောက်မပေးယုံနဲ့ ပြုလုပ်နိုင်တာကြောင့် သူမရဲ့အခြေအနေကစိုးရိမ်စရာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


