မန္တလေးမြို့အနီးကMDY PDFတွေ သိမ်းပိုက်ထားတဲ့ဖယောင်းတောင်ရွှေလုပ်ကွက်နဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ အယ်လဖာဘိလပ်မြေစက်ရုံတို့ကို စစ်အုပ်စုကထိုးစစ်ဆင်ပြီးပြန်လည်သိမ်းပိုက်လိုက်ပါတယ်။ထိုဒေသကထိုးစစ်တွေမှာတော့ စစ်အုပ်စုဟာ လူအင်အားအလုံးအရင်းအသုံးမပြုပဲ နည်းပညာအင်အားသုံးဒရုန်းတွေနဲ့ တိုက်ခိုက်သွားတာလို့သိရတယ်။ထိုနေရာတွေကို MDY PDFကတစ်နှစ်နီးပါးခန့် ထိန်းချုပ်ထားရာမှ အခုပြန်လက်လွတ်လိုက်ရတာပါ။စစ်အုပ်စုရဲ့သာလွန်လာတဲ့ ဒရုန်းတွေကို တုန့်ပြန်ဖို့တော်လှန်ရေးအင်အားစုတွေမှာ လုံလောက်နဲ့နည်းပညာမရှိသေးပါဘူး။ထိုဒရုန်းနည်းပညာကို သေချာမကာကွယ်နိုင်ရင် တော်လှန်ရေးအင်အားစုတွေ တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပါလိမ့်မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


