စစ်ကိုင်းတိုင်းအတွင်းမှာလဲ နေရာဒေသအနှံအပြားကို စစ်အုပ်စုကစစ်ကြောင်းတွေ ပြန်ထိုးနေပါတယ်။စစ်အုပ်စုဟာ အင်အားလျော့ပါးလာတာကြောင့် စစ်ကိုင်းတိုင်းထဲကိုစစ်ကြောင်းမထိုးနိုင်တာ ၁၀၂၇ စစ်ဆင်ရေးကာလကတည်းကပါ။အခုအချိန်မှာတော့ အင်အားပြန်လည်ဖြည့်တင်းနိုင်လာတာကြောင်း စစ်ကြောင်းတစ်ခုကို အနည်းဆုံးလူအင်အားတစ်ရာခန့်သုံးပြီး နယ်မြေစိုးမိုးဖို့ ပြန်လည်ကြိုးစားလာတယ်။စစ်ကိုင်းတိုင်းအတွင်းက မဟာဗျူဟာကျတဲ့ လမ်းမကြီးတွေကို ထိန်းချုပ်နိုင်ဖို့လုပ်လာတယ်။လတ်တလောမှာတော့ရွှေဘို၊မြစ်ကြီးနားကားလမ်းကို စစ်အုပ်စုပြန်လည်ထိန်းချုပ်သွားနိုင်တာကြောင့် ကချင်ပြည်နယ်ဘက်သွားမယ့် ကုန်ကားတွေထိုလမ်းပေါ်မှာ ပိတ်မိနေကြတယ်။
စစ်အုပ်စုရဲ့စစ်ကြောင်းတွေကြောင့် ဒေသခံပြည်သူတွေလည်းနေရပ်စွန့်ခွာ ပြန်လည်ထွက်ပြေးနေရတယ်။ရွာတွေကို မီးရှို့ဖျက်စီးတာတွေ၊ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလဲ ကြုံတွေ့နေရတယ်။စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေဟာအာဏာသိမ်းပြီးနောက်ပိုင်း အခုငါးနှစ်ကြာသည်အထိ ထိုဒုက္ခတွေကို ခါးစည်းခံနေရရှာတယ်။