ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲမှ ာKIAဘက်ကနေရာအချို့ကို လက်လွတ်လိုက်ရပြီးနောက် တန်ပြန်ထိုးစစ်ဆင်နေလို့ နေ့စဥ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။စစ်တပ်ကဗန်းမော်မြို့ အမြောက်တပ်နဲ့ လေယာဥ်ကွင်းနေရာအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက် KIAရဲ့တန်ပြန်ထိုးစစ်ကြောင့် ရှေ့ဆက်မတိုးနိုင်သေးပါဘူး။
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့မှာလဲ အလားတူပါပဲ။စစ်ကော်မရှင်က ပင်လယ်ရေကြောင်းဘက်ကနေ အင်အားဖြည့်တင်းပြီး သူတို့ဆုံးရှုံးထားတဲ့နေရာတွေကို ပြန်လည်ထိုးစစ်ဆင်နေတယ်။AAဘက်ကလဲ နောက်မဆုတ်ပဲ ခုခံနေတဲ့အတွက်တိုက်ပွဲတွေ ပြင်းထန်နေပြီးစစ်တပ်ဘက်က အကျအဆုံးရာချီရှိနေတယ်။ဗန်းမော်မြို့နဲ့ ကျောက်ဖြူမြို့တွေမှာတော့ နှစ်ဘက်လုံးက ရှေ့မတိုးနိုင်ပဲ တိုက်ပွဲကာလ ဆက်လက်ရှည်ကြာဦးမှာပါ။