ရှမ်းမြောက်မှာလဲစစ်ကောင်မရှင်ဟာ နောင်ချိုမြို့ကိုသိမ်းပိုက်နိုင်ပြီးနောက် TLNAသိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့တွေဘက်ကို တပြိုင်နက်ထိုးစစ်ဆင်နေပါတယ်။လက်ရှိမှာတော့ စစ်တပ်စစ်ကြောင်းတွေဟာ မိုးကုတ်မြို့နဲ့မိုင်ငါးဆယ်အကွာနဲ့ကျောက်မဲမြို့နဲ့ ၁၅မိုင်အကွာကို ရောက်ရှိနေတယ်။အခုလက်ရှိ ရှမ်းမြောက်မှာ MNDAAကတရုတ်ဖိအားကြောင့် အပစ်ရပ်ထားရတဲ့အတွက် စစ်ကောင်စီကိုခေါင်းမာမာနဲ့သတ္တိရှိရှိပြန်ပြီး တိုက်နေတဲ့အဖွဲ့ကလည်းTNLAတပ်ဖွဲ့ပဲရှိတော့တယ်။လာ့မယ့်ရက်တွေအတွင်း ထိုနှစ်ဖွဲ့ဟာတရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံဦးမယ်။ ဒါ့ကြောင့်စစ်ကော်မရှင်ဘက်က TNLA ကို ဆွေးနွေးပွဲမစမီစစ်ရေးအရ အပြင်းအထန်ဖိအားပေးနေတယ်။အဲဒီတော့ ကူမင်းကနေပြန်လာမယ့်TNLA အနေအထားကို စောင့်ကြည့်ရမယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


