မြန်မာနိုင်ငံမှာအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ဟာမည်သည့်အဖွဲ့ကိုမှ လက်နက်ငွေကြေးရိက္ခါ ထောက်ပံကူညီမှုတွေပြုလုပ်တော့မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။ဝအဖွဲ့ဟာ၁၀၂၇စစ်ဆင်ရေးကာလအတွင်းမှာ AA၊MNDAA၊TLNAအဖွဲ့တွေကို စစ်ရေးအဆင်ပြေချောမွေ့အောင်နောက်ကွယ်က ထောက်ပံကူညီပေးခဲ့ပါတယ်။စစ်ဘေးဒုက္ခသည်တွေကိုလဲ လက်ခံပေးခဲ့တယ်။အခုချိန်မှာတော့ တရုတ်ရဲ့ပြင်းထန်တဲ့ဖိအားတွေကြောင့် ဆက်လက်ကူညီပေးဖို့မဖြစ်နိုင်တော့ဘူးလို့ဆိုတယ်။တရုတ်နိုင်ငံဟာ၁၀၂၇ စစ်ဆင်ရေးကာလတွေကတည်းက အဆိုပါအဖွဲ့တွေကိုကူညီနေတာကြောင့် ဝပြည်နယ်ကိုကုန်စည်စီးဆင်းမှု ဖြတ်တောက်ပြီးအရေးယူခဲ့တယ်။နောက်ပိုင်းမှာတော့ဝပြည်နယ်က ပြည်သူတွေရဲ့တရုတ်နိုင်ငံထဲမှာ ထားတဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီးပြင်းထန်စွာ အရေးယူနေတယ်။ဒါ့ကြောင့်ပဲ ဝခေါင်းဆောင်တွေဟာအခုလို ကြေညာခဲ့ရတာလို့သိရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


