နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ပင်ထားတဲ့စစ်ကော်မရှင်ဟာ Air Cgo လုပ်ငန်းတွေကိုလဲ ပိတ်ပင်လိုက်ပါပြီ။ပြည်ပကသွင်းကုန်မှန်သမျှ လေကြောင်းကလဲပို့လို့မရတော့ပါဘူး။လေဆိပ်တွေမှာ ရိုးရိုးခရီးသည်တွေရဲ့ခရီးဆောင်အိတ်တွေကိုပါ ဖွင့်စစ်နေတာပါ။
ထိုင်းမြန်မာနယ်စပ်မြဝတီမြို့က တံတားအမှတ်၂ကိုလဲ စစ်ကော်မရှင်တပ်သားတွေ ထိန်းချုပ်ပြီးပိတ်ထားလိုက်ပြီလို့သိရတယ်။ထိုင်းနိုင်ငံဘက်မှာလဲ မြန်မာဘက်ကိုသွားမယ့်ကုန်ကားတွေအစီးရေရာနဲ့ချီပြီး သောင်တင်နေတယ်။ထိုင်းအာဏာပိုင်တွေဝင်ရောက် ဖြေရှင်းပေးပေမယ့် ပြေလည်ခြင်းမရှိပါဘူး။ပြည်တွင်းက စူပါမားကတ်တွေမှာလဲ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေ ပြတ်လတ်စပြုလာပါပြီ။အခြေအနေတွေဟာ နောက်ကိုနှစ်ငါးဆယ်လောက် ပြန်ဆုတ်နေပါပြီ။