စစ်ကောင်မရှင်ဘက်ကတနိုင်ငံလုံးမှာ ထိုးစစ်တွေတဖြည်းဖြည်းနဲ့ပြင်းထန်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က ထိရောက်တဲ့ပြင်ဆင်မှုတွေ၊အပြောင်းအလဲတွေ အခုထိမတွေ့ရသေးပါဘူး။ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ထိပ်ဆုံးက ဝေဖန်ခံနေတဲ့NUGဟာလဲ အခုချိန်ထိ ဘာမှထူးခြားမလာသေးပါဘူး။ပြီးခဲ့တဲ့ရက်တွေက NUGထိပ်ပိုင်းခေါင်းဆောင်တွေ စစ်ကိုင်းတိုင်းအတွင်းမှာ မြေပြင်ကွင်းဆင်းစစ်ဆေးတယ်ဆိုတဲ့ ဓာတ်ပုံတွေနဲ့ EAOခေါင်းဆောင်အချို့နဲ့ တွဲရိုက်တဲ့ဓာတ်ပုံတွေလောက်နဲ့ ပြည်သူကိုဖြေသိမ့်ထားတယ်။ဒီနည်းလမ်းတွေဟာ ဒီအချိန်မှာအလုပ်မဖြစ်တော့ပါဘူး။ကချင်အဖွဲ့KIAကတော့ ဒီရက်ပိုင်းချင်းတော်လှန်ရေးအဖွဲ့တွေ၊ယောဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်တိုက်တွေ့ဆုံနေတာကို တွေ့ရတယ်။ဒါပေမယ့်အသေးစိတ်အချက်အလက် တွေကိုတော့မသိရသေးပါဘူး။ဒီပုံစံအတိုင်းဆိုရင် တော်လှန်ရေးအင်အားစုတွေဘက်က အပြောင်းအလဲတွေဖြစ်လာဖို့ဆိုတာ လေထဲမှာ တိုက်အိမ်ဆောက်နေဆဲပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


