နောင်ချိုနဲ့သပိတ်ကျင်းကိုသိမ်းထားတဲ့ စစ်တပ်ဟာမိုးကုတ်မြို့ဘက်ကိုဆက်လက်ပြီး ထိုးစစ်ဆင်လာပါတယ်။မိုးကုတ်မြို့ဟာနာမည်ကျော်ရတနာတွေထွက်ရှိတာကြောင့် ထိုမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေး အားစိုက်မယ့်ပုံပဲ။လမ်းမှာထိရောက်ခုခံမှုတွေမရှိတဲ့အတွက် စစ်တပ်စစ်ကြောင်းဟာ လွယ်လွယ်ကူကူပဲ ရှေ့တိုးလာနေတယ်။မိုးကုတ်မြို့ကိုNUGလက်အောက်ခံတပ်တွေနဲ့ TLNAတို့ပူးပေါင်းထိန်းချုပ်ထားတာဖြစ်တယ်။ဒါပေမယ့် ထိုမြို့ကရရှိတဲ့သယံဇာတတွေကို TLNAကသာလက်ဝါးကြီးအုပ်ထားတယ်လို့ သတင်းတွေထွက်နေတယ်။မြို့သိမ်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ဒေသခံကာကွယ်တပ်ဖွဲ့တစ်ခု တော်လှန်ရေးအတွက် အလှူခံကန်ပိန်းတွေလုပ်နေရတာ ထိုသတင်းတွေကိုအတည်ပြုပေးနေသလိုပဲ။တော်လှန်ရေးအင်အားစုတွေမညီညွတ်ပဲ အချင်းချင်းခေါင်းပုံဖြတ်နေကြရင်တော့ မိုးကုတ်မြို့ဟာလဲ စစ်ကော်မရှင်လက်ထဲ ပြန်ရောက်သွားမှာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


