စစ်ကော်မရှင်ဟာမြို့ပေါင်း၆၄မြို့ကို အရေးပေါ်အခြေအနေကြေညာပြီးနောက် ခန့်မှန်းထားတဲ့အတိုင်းပဲထိမြို့တွေကိုလေကြောင်းက ပိုမိုဗုံးကြဲလာနေပါတယ်။အထူးသဖြင့်TLNAသိမ်းပိုက်ထားတဲ့မိုးကုတ်မြို့နဲ့ကျောက်မဲမြို့တွေကို နေ့စဥ်ဆိုသလိုဗုံးကြဲနေတဲ့အတွက် အရပ်သားသေဆုံးမှုတွေရှိနေတယ်။ဒီလထဲမှာစစ်ကော်မရှင်ဟာ TLNAနဲ့ထပ်မံတွေ့ဆုံဖို့ရှိတဲ့အတွက် ဖိအားပေးတဲ့အနေနဲ့အခုလို ဆက်တိုက်ဗုံးကြဲနေတာပါ။TLNAကတော့ ထိုဆွေးနွေးပွဲမှာစစ်ကော်မရှင်အနေနဲ့ သိမ်းပိုက်ထားတဲ့မြို့တွေကို ထပ်တောင်းနေရင်အဆင်ပြေမှာ မဟုတ်ကြောင်း၊ပြည်သူကိုသာမျက်နှာမူပြီးဆွေးနွေးမှာဖြစ်ကြောင်းလို့တော့ ပြောထားတယ်။ဘယ်လိုတွေဖြစ်လာမလဲတော့မသိဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


