ဒီနေ့မှာစစ်ကောင်စီဟာ သူတို့ရဲ့ခြောက်လတစ်ကြိမ်ပုံမှန် သက်တမ်းတိုးနေကြနေ့ဖြစ်တယ်။ဒါပေမယ့်ဒီတကြိမ်မှာတော့ အရေးပေါ်ကာလဆိုတာကြီးကို သက်တမ်းမတိုးတော့ပါဘူး။ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်ထားပြီး သူတို့ ဖွဲ့စည်းထားသည့် စစ်ကောင်စီဟု ခေါ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (န.စ.က) ကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ပြောင်းလဲဖွဲ့စည်းလိုက်တယ်။ အာဏာသိမ်း စစ်တပ်ရဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးအများစုဖြင့် ဖွဲ့စည်းထားသည့် ထိုစစ်ကော်မရှင်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကော်မရှင် ဥက္ကဋ္ဌအနေဖြင့် ယာယီသမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန်များကို ရယူထားတယ်။ အဲ့ဒီတော့ တပ်ချုပ်ဖြစ်တဲ့မင်းအောင်လှိုင်က ဒုတိယသမ္မတမင်းအောင်လှိုင်ကို အာဏာလွဲပေးလိုက်တဲ့သဘောပါပဲ။ ပီးတော့ အဖွဲ့အစည်းအမည်ပြောင်းလိုက်တဲ့အတွက် စစ်ကောင်စီကနေ စစ်ကော်မရှင်လို့ ပြောင်းခေါ်ရတော့မယ်။ ထိုစစ်ကော်မရှင်က ရွေးကောက်ပွဲပြုလုပ်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်။ စစ်ကောင်စီကတော့ ရွေးကောက်ပွဲကိုဒီနှစ်ကုန်မှာ မဖြစ်မနေပြုလုပ်သွားမယ့်ပုံပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


