ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစနစ်ကို အသုံးပြုမယ်လို့သိရတယ်။လိုအပ်တဲ့မဲပေးစက်ပစ္စည်းတွေကို တရုတ်၊ဘီလာရုစတဲ့နိုင်ငံတွေကမှာယူပြီး အချို့ပြည်တွင်းကို ရောက်ရှိနေပါပြီ။ထိုမဲပေးစက်တွေကိုအသုံးပြုနိုင်ဖို့အတွက် Non CDMဝန်ထမ်းတွေကို သင်တန်းပေးနေပါတယ်။ထိုဝန်ထမ်းတွေဆီကပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ထိုမဲပေးစက်တွေအသုံးပြုရင် ပယ်မဲမရှိတော့ဘူးတဲ့။ဒါ့အပြင်ပေးလိုက်တဲ့ မဲတွေကိုလဲ လိုအပ်သလိုပြုပြင်ပြောင်းလဲလို့ရတယ်တဲ့။အခုနောက်ပိုင်းမှာတော့ မဲပေးခြင်းနဲ့ပတ်သက်နေတဲ့ သင်တန်းတွေကသတင်းပေါက်ကြားမှုတွေကို တင်းတင်းကြပ်ကြပ်ပြန်လုပ်နေတယ်။မနေ့ကထုတ်ပြန်လိုက်တဲ့ ဥပဒေဟာလဲဒီလိုဖြစ်ရပ်မျိုးကို အရေးယူဖို့ဖြစ်မယ်။စစ်ကောင်စီကတော့ အခုထဲကရွေးကောက်ပွဲအတွက် ကလိမ်ကကျစ်တွေစလုပ်နေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


