စစ်ကောင်စီဟာ လာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲကို နှောက်ယှက်ရင်သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းလိုက်တယ်။ ထိုဥပဒေအရ ရွေးကောက်ပွဲပျက်ပြားစေရန် ဟောပြောခြင်း၊ မဲလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲကော်မရှင်ရုံး လုပ် ငန်းစဉ်များကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရမည့်အပြင် ငွေဒဏ်များပါ ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားတယ်။ ဒီဥပဒေဟာ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အကာအကွယ်ယူလိုက်တာဖြစ်တယ်။
ရွေးကောက်ပွဲကို နှောက်ယှက်ရင်သေဒဏ်ဆိုတာ သမိုင်းမှာတစ်ခါမှမရှိခဲ့ဖူးဘူး။ ဘယ်နိုင်ငံမှာမှ ရှိတယ်လို့လဲ မကြားဖူးပါဘူး။ ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်စီးသူလို့ ဆိုရာမှာတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ အရေးယူနိုင်မှာမဟုတ်ဘူး။ သူတို့အဓိကပစ်မှတ်ထားတာက သူတို့ထိန်းချုပ်ထားတဲ့ဒေသတွေအတွက်ပါ။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသတွေမှာ ရွေးကောက်ပွဲကို မနှောက်ယှက်နိုင်အောင် ကြိုတင်ကာကွယ်ထားတာဖြစ်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


