မနှစ်ကဒီအချိန်မှာ ၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းအရှိန်ကောင်းနေတဲ့အချိန်ပါ။တော်လှန်ရေးတပ်ပေါင်းစုတွေ တလကို မြို့သုံးမြို့ခန့် သိမ်းပိုက်နိုင်နေတဲ့အချိန်ပေါ့။အခုတော့အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။ဒီဇူလိုင်လထဲမှာကိုပဲ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ နောင်ချို၊မိုးဗြဲ၊သပိတ်ကျင်း စတဲ့မြို့သုံးမြို့ကို စစ်ကောင်စီကပြန်လည် သိမ်းယူသွားပါပြီ။ဆက်လက်ပြီးရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်ကမြို့တွေကို ပြန်သိမ်းဖို့ကြိုးစားပါလိမ့်မယ်။တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပူးပေါင်းသင့်တာပူးပေါင်းပြီး အကောင်းဆုံးပြင်ဆင်နိုင်မှ အဆင်ပြေမှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


