မန္တလေးက ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကိုMDY PDFကစတင်တိုက်ခိုက်နေပါပြီ။ စစ်ကောင်စီရဲ့ စစ်သင်္ဘောနဲ့ ရေယာဉ်တွေကို မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်မြို့နယ်ထဲ ဖြတ်သန်းချိန် မြစ်ရိုးတလျှောက်ကနေ ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တယ်။ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်ထားသော တွဲတွန်းသင်္ဘော တစ်စီး နစ်မြှုပ်သွားခဲ့ပြီး စစ်သင်္ဘော တစ်စီးနှင့် အခြားတွန်းသင်္ဘော နှစ်စီးသည် မီးလောင်ပျက်စီးမှုများပြားခဲ့တယ် လို့ MDY PDF ကသတင်းထုတ်ပြန်ထားတယ်။ စစ်ကောင်စီက သင်္ဘောတွေ ဆန်တက်ရာ မြစ်ကြောင်းတလျှောက် Y-12 လေယာဉ်တွေနဲ့ ထပ်ကြပ်မကွာ လိုက်ပါပြီး ဗုံးကြဲနေသလို ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ် ဗုံးကြဲနေတဲ့ကြား စစ်အုပ်စု အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်။ အခုလောလောဆယ်တော့ ထိုစစ်သင်္ဘောအုပ်စုဟာ အထက်ကို ဆက်လက် ဆန်တက်နိုင်တာ မရှိသေးဘဲ သပိတ်ကျင်းမြို့ရဲ့ အထက်မှာ ကျောက်ချကာ အပျက်အစီးတွေကို ပြင်ဆင်မှုတွေ လုပ်နေတယ်။ စစ်သင်္ဘောတွေဟာ သပိတ်ကျင်းမြို့ကို မဝင်ဘဲ အထက်ကို တောက်လျှောက် ဆန်တက်ဖို့ ကြိုးစားနေတာဖြစ်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


